ထားဝယ်အကျဉ်းထောင်ရှိ ထိခိုက်လွယ်အုပ်စုဝင် ကိုယ်အင်္ဂါချို့ အကျဉ်းသား ၁၀ ဦး၊
...အကျဉ်းဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် ပြင်ပကျန်းမာရေးအဖွဲ့များ၊
...- မန္တလေးအိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသူ အသက် ၆၅ နှစ်အရွယ် ဒေါ်စန်းရီ သေဆုံးသွားခဲ့ပြီး
...ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသည့် ဝက်သား ငါး၊ ကြက်ဥ၊
...အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား/သူ အချုပ်သား/သူများ စိတ်ချမ်းမြေ့ပျော်ရွှင်မှု
...အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် ပြင်ပကျန်းမာရေးအဖွဲ့များ၊
...အကျဉ်းဦးစီးဌာနသည် ဗြိတိသျှကိုလိုနီနယ်ချဲ့တို့၏ ကိုလိုနီအုပ်ချုပ်ရေးစနစ်နှင့်အတူ စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ၁၈၂၇ ခုနှစ်တွင် အင်္ဂလိပ်တို့သည် စစ်တွေမြို့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသောအကျဉ်းထောင်ကို စတင်ဆောက်လုပ်ဖွင့်လှစ်ခဲ့ပြီး ၁၈၉၄ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့ တွင် မြန်မာနိုင်ငံအကျဉ်းထောင်အက်ဥပဒေနှင့် အကျဉ်းထောင်လက်စွဲဥပဒေ၊ ၁၉၀၀ ပြည့်နှစ် အကျဉ်းသားများအက်ဥပဒေ စသော ဥပဒေများအား ပြဌာန်းခဲ့ပြီး အကျဉ်းထောင်များအား အုပ်ချုပ် ခဲ့ပါသည်။ အကျဉ်းဦးစီးဌာနအား ၁၈၉၄ ခုနှစ်တွင်အကျဉ်းဌာနအဖြစ် လည်းကောင်း၊ ၁၉၃၇ ခုနှစ် တွင် အကျဉ်းဌာနခွဲအဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် အကျဉ်းဦးစီးဌာနအဖြစ် လည်းကောင်း ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အကျဉ်းဦးစီးဌာန ရည်မှန်းချက်တာဝန် မှာ (က) လုံခြုံစွာထိန်းသိမ်းရေး၊ (ခ) အကျင့် စာရိတ္တပြုပြင်ပြောင်းလဲရေး၊ (ဂ) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လေ့ကျင့်သင်ကြားပေးရေး၊ (ဃ) ပြည်သူ့အပြုဆောင်ရွက်ရေး တို့ဖြစ်သည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အကျဉ်းဦးစီးဌာနမှ လိုက်နာကျင့်သုံး ဆောင်ရွက်လျက်ရှိသော အကျဉ်းထောင်နှင့်သက်ဆိုင်သည့် ဥပဒေများ နှင့် Jail Manual များကို အများပြည်သူများ သိရှိလေ့လာနိုင်စေရန် တင်ပြထားပါသည်။